၂၀၂၂ ဇန်နဝါရီ ၅ရက်
စစ်ကိုင်းတိုင်း၊အင်းတော်မြိုအား ဗဟိုပြု၍ ယနေ့မွန်းတည့်ပိုင်းက အင်အားရစ်(ခ်)တာစကေး ၄ ဒ သမ ၇ အဆင့် အင်အားအနည်းငယ်ရှိ ငလျင် လှုပ်ခပ်ခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးခဲ့သည်။
ယနေ့မွန်းတည့် ၁၂ နာရီ ၂၁ မိနစ် ၂၅ စက္ကန့်က ကသာမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၈)မိုင်ခန့်အကွာ အင်တော်မြို၏ မြောက်-အ နောက်မြောက်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄ ဒသမ ၃၃ ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒသမ ၀၉ ဒီဂရီ၊အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်ခဲ့သည်။