ရခိုင် ပြည်နယ် ကရင်ပြည်နယ် မွန်ပြည်နယ်တို့တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေကြီးနစ်မြုပ်မှုဖြစ်ကာ ဒေသခံ ၁၃၀၀၀ ကျော် ရေဘေးသင့်နေ

 

၂၀၂၃ ဩဂုတ် ၈

ရခိုင် ၊ ကရင်နဲ့ မွန်ပြည်နယ်တို့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုတွေကြောင့်  ဒေသခံ  ၁၃၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ  မြောက်ဦးမြို့၊ကရင်ပြည်နယ်ရှိ  ဘားအံမြို့နယ်၊ ကော့ကရိတ်၊ ကြာအင်းဆပ်ကြီး မြို့နယ် ၊ မြဝတီမြို့နယ် နဲ့ လှိုင်းဘွဲ မြို့နယ်တို့အပြင် မွန်ပြည်နယ်ရှိ  ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်တို့မှာ  ရေကြီးနစ်မြုပ်မှုတွေ ဖြစ်နေတာပါ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဒေသခံ  ၁၂၀၀ ခန့် ၊ ကရင်ပြည်နယ်ရှိ ရေမြုပ်နေတဲ့ မြို့နယ်တွေမှာ ဒေသခံ ၅၅၀၀ ကျော် နှင့် မွန်ပြည်နယ်ရှိ မြို့နယ်တွေမှာ ဒေသခံ ၆၁၀၀ ကျော် ရေဘေးသင့်နေတာဖြစ်ပါတယ်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူတွေအနေနဲ့ နီးစပ်ရာ ဆွေမျိုးတွေရဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

Total Views ~ 220

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.