လေဆင်နှာမောင်းတိုက်ခတ်၍ မုဒုံမြို့နယ်တွင် စာသင်ကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၃) လုံးပျက်စီး

၂၀၂၃ ဩဂုတ် ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ယနေ့ သြဂုတ် (၂) ရက် နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အခြေခံပညာ စာသင်ကျောင်း (၁) ကျောင်းနှင့် နေအိမ် (၁၃) လုံးပျက်စီးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်ပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ခဲ့၍ မုဒုံမြို့နယ်၊ တောင်ပကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်း၏ သွပ်အမိုးများ၊ မျက်နှာကျက်များနှင့် သံတန်းများလန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကလော့သော့ကျေးရွာရှိ နေအိမ်(၁၃)လုံးမှာ သွပ်အမိုးများလန်ခြင်း၊ နေအိမ်ဘေးအကာများ ပျက်စီးခြင်းနှင့် သစ်ကိုင်းကျိုးကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုရှိခဲ့သော်လည်း သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသည့် စာသင်ကျောင်းနှင့် နေအိမ်များအား လုံခြုံရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 233

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.