ရန်ကုန် စက်တင်ဘာ ၂၀
စက်တင်ဘာလ ၂၀ရက်က ညနေ ၅နာရီ ၂၀ မိနစ် ခန့် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျောင်းစုရပ်ကွက်၊ သမ္မတကမ်းခြေတွင် ကမ်းပါးပြိုပြီး နေအိမ်မျောပါသွားကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။