အပူပိုင်းမုန်တိုင်း ဟိုက်ကွေး တရုတ်ကို ဖြတ်ကျော်ဝင်ရောက်သွားပေမယ့် ယနေ့ညနေ အထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုမှာ မိုးကြီးမယ်လို့ မိုးဇလ ထုတ်ပြန်

၂၀၂၃ စက်တင်ဘာ ၅

အပူပိုင်းမုန်တိုင်း ဟိုက်ကွေး  တရုတ်ကို ဖြတ်ကျော်ဝင်ရောက်သွားပေမယ့် ယနေ့ညနေ အထိ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုမှာ မိုးကြီးမယ်လို့ မိုး/ဇလက ပြောပါတယ်။

ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းသတင်းထုတ်ပြန်ချက်အရ  တောင်တရုတ် ပင်လယ်ပြင် တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “ဟိုက်ကွေး” (Haikui) သည် အပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး၊ အနောက်ဘက်သို့ ရွေ့လျားခဲ့ကာ တရုတ်နိုင်ငံ၊ ဇီကျန်းပြည်နယ်ကို စတင်ဖြတ်ကျော်ဝင်ရောက်လျက်ရှိတယ်လို့ဆိုပါတယ်။

ယနေ့ညနေအထိမိုးလေဝသ ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။

ယင်းအပြင်  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ ကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(တောင် ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ပြောပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်အနေနဲ့ မုတ်သုံလေ အားကောင်းနေမယ်လို့လည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

Total Views ~ 203

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.