ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ပင်လယ်ကမ်းရိုးတန်းအနီး ကျေးရွာများမှ ပြည်သူများ မုန်တိုင်းရှောင်ရန် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြ

၂၀၂၃ မေလ ၈

 

ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ ပြည်သူ ထောင်ကျော် မုန်တိုင်းရှောင်ဖို့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေမှာ လာရောက် နေထိုင်နေကြပြီလို့ နှလုံးသားကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့ (Heart Laputta) မှ သိရပါတယ်။ 

ဘင်္ဂလားပင်လယ်အော်တွင် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်မည့်အခြေနေကြောင့်မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို့ အောက်ဘက်ကျေးရွာများမှ မုန်တိုင်းရှောင် ပြည်သူများ မေလ၆ ရက်နေ့ထဲက လပွတ္တာမြို့ပေါ်သို့ တက်ရောက်လာနေကြပါတယ်လို့ ဆိုပါတယ်။

လက်ရှိ လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက်များ ၊ ဘုန်းကြီးကျောင်းများ နှင့် နီးစပ်ရာ မြို့ပေါ်ရပ်ကွက်များသို့မုန်တိုင်းရှောင်ပြည်သူ ထောင်နှင့်ချီ ရောက်ရှိနေပါပြီလို့လည်း အသင်းက ပြောကြားထားပါတယ်။ 

အလားတူ မြောင်းမြမြို့သို့ မုန်တိုင်းရှောင်သူများလည်းရှိနေပါတယ်လို့ ပြောကြားထားပါ တယ်။ 

Total Views ~ 367

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.