စစ်တောင်းတံတားပေါ်မှ မော်တော်ယာဉ်များ ပြန်လည် ဖြတ်သန်းခွင့်ပြုရန် လိုအပ်လာပါက သက်ဆိုင်ရာပြည်နယ်အစိုးရနှင့်ညှိနှိုင်း၍ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း နစက၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ညောင်ခါးရှည် Xray ဂိတ်သည် မရှိမဖြစ်လိုအပ်သောဂိတ် ဖြစ်သော်လည်း ယခုအခါတွင် မော်တော်ယာဉ်များ ပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး၊ ရန်ကုန်အပြန်ကားများပါ ပိတ်ဆို့နေခြင်းကြောင့် ကုန်စည်သွားလာမှု နှောင့်နှေးစေကြောင်း၊ထို့ကြောင့် ရန်ကုန်အပြန်လမ်းအား ယခင်စစ်တောင်းတံတားဟောင်းမှ ဖြတ်သန်းပါက ပိတ်ဆို့မလျော့နည်းနိုင်သဖြင့် ခွင့်ပြုရန်
အစီအစဉ် ရှိမရှိ သတင်းဌာန၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာ့မီးရထားပိုင်၊ စစ်တောင်းတံတား (သိမ်ဇရပ်) သည် ပင်မတံတားပေါ်တွင် ရထားလမ်း Cantilever Portion ဘေးနှစ်ဖက်တွင် ကားလမ်းပါရှိသည့်တံတားအမျိုးအစား ဖြစ်ပြီး (၁)နာရီလျှင် (၁၅)မိုင်နှုန်းဖြင့် ရထားနှင့် (၁၃)တန်ထက် မကျော်လွန်သော မော် တော်ယာဉ်များ (ယာဉ် + ကုန်)ကို ဖြတ်သန်းခွင့်ပြုနိုင်ကြောင်း သိရသည်။
လက်ရှိတွင် ပင်မတံတားပေါ်မှ ရထားများနေ့စဉ်ဖြတ်သန်းလျက်ရှိပြီး ကားလမ်းအား (၃၀-၆-၂၀၂၀)ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန် ကြားချက်အရ ပိတ်ထားခဲ့ပြီး၊နောက်ပိုင်းတွင် နယ်မြေဒေသလုံခြုံရေး အခြေအနေများအရ ဆက်လက်ပိတ်ထားခဲ့ရကြောင်း သိရသည်။