၂၀၂၄၊ မတ် ၂၀
တာချီလိတ် နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်း လင်းရေးလုပ်ငန်းစဉ်များကို မတ် ၂၂ ရက်မှ စတင်ကာ MACCS စနစ်ဖြင့် ထပ်မံတိုးချဲ့ လုပ်ဆောင်မည်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက် ခွန်ဦးစီးဌာနမှ အသိပေးကြေညာချက်အရ သိရသည်။
ရန်ကုန်ဧရိယာ၊ မြဝတီနယ်စပ်ဒေသ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော် နယ်စပ်ဒေသတို့တွင် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Mya-nmar Automated Cargo Clearance Sys-tem)ကို အသုံးပြုလျက်ရှိပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် တာချီလိတ်နယ်စပ်ဒေသတွင် အသုံးပြုသွားမည်ဖြစ် ကြောင်း မတ်လ ၁၈ ရက်က အသိပေးကြေညာခဲ့ခြင်း ဖြစ်သည်။
တာချီလိတ် နယ်စပ်ဒေသတွင် MACCS စနစ် အောင်မြင်စွာ အသုံးပြုနိုင် ရေးအတွက် အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်သွယ်မှု ဆက်စပ်ဌာနများ၊ တာချီလိတ်နယ်စပ် ကုန်သည်ကြီးများအသင်း၊ တာချီလိတ်မြို့ရှိ ကုန်ပစ္စည်းတင်သွင်း/တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းတို့၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခြင်း၊ MACCS User များအတွက် စနစ်အသုံးပြုမှု ဆိုင်ရာ စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် စနစ်စမ်းသပ်အသုံးပြုခြင်း (Running Test) တို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တာချီလိတ် နယ်စပ်ဒေသနှင့် ဆက်စပ်သည့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် တင်သွင်း/တင်ပို့ လုပ်ငန်းများနှင့် ဆက်စပ်သည့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို MACCS စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သဖြင့် တာချီလိတ် နယ်စပ်ဒေသတွင် တင်သွင်း/တင်ပို့လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် အကောက်ခွန် ဝန်ဆောင်မှုဆောင်ရွက်သူများအနေဖြင့် အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို မတ်လ ၂၂ ရက်မှစ၍ MACCS စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း အကောက်ခွန်ဦးစီး ဌာနမှ အသိပေးကြေညာခဲ့သည်။