ထားဝယ်ရေနက်ဆိပ်ကမ်းဆိုင်ရာကိစ္စရပ်များ မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား နေပြည်တော်၌ ဒီဇင်ဘာ ၇ရက်က
လက်ခံတွေ့ဆုံခဲ့ရာ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ - ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့် တပ်မတော်များ အကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်ကုန်သွယ်မှု နှင့် တရားမဝင်အလုပ်သမားတိုက်ဖျက်ရေး၊ ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု နှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှု ဖွံဖြိုးတိုး တက်ရေးနှင့် အာဆီယံရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

Total Views ~ 214

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.