ထိုင်းနှင့်မြန်မာ နယ်စပ်ကုန်သွယ်မှု၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မည်

နေပြည်တော်၊ ၂၀၂၂ ဒီဇင်ဘာ ၈
ထိုင်းနှင့် မြန်မာ နယ်စပ်ကုန်သွယ်မှု၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့်ခ ရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံပူး ပေါင်း ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည် ။
ယမန်နေ့(ဒီဇင်ဘာ ၇)က နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ် လွှာပေးအပ်ခဲ့ပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်ရေးများ တိုးမြှင့်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်မှု၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများအစည်း အဝေးကျင်းပနိုင်ရေးကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Total Views ~ 187

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.