ဒလတံတားစီမံကိန်း၏ ဆင်ခြေလျှောတံတား သံမဏိရက်မတပ်ဆင်ခြင်းလုပ်ငန်းများ စတင်

ရန်ကုန် ၊ မတ် ၁၈

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ်ဖြစ်သည့် ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် ဆင်ခြေလျှောတံတား(Ramp Bridge )များ သံမဏိရက်မတပ်ဆင်ခြင်းလုပ်ငန်းများ ယနေ့ (မတ်လ ၁၈)တွင် စတင်နေပြီ ဖြစ်သည်။

ကိုရီယားသမ္မတနိုင်ငံ EDCF ချေးငွေဖြင့် ဆောင် ရွက်လျက်ရှိသော မြန်မာ - ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်ရေးစီမံကိန်း၏ ဆင်ခြေလျှောတံတားများဖြစ်သော Ramp A နှင့် Ramp Bတံတားများတွင် ကမ်းနားလမ်းသစ်ကို ဖြတ်သန်းတပ်ဆင်ရမည့် သံမဏိရက်မများ တပ်ဆင်ချိန်တွင် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးအတွက် ကမ်းနားလမ်းသစ်၏ ပန်းဆိုးတန်းလမ်းနှင့် အလုံမြို့နယ်စံပယ်လမ်းထိပ်ကြား အပိုင်းအား လုပ်ငန်းဆောင်ရွက်မည့် မတ် ၁၈ ရက်၊ ၁၉ ရက်၊ မတ် ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့ တွင် ဖြတ်သန်းသွားလာခွင့်ယာ ယီပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီဌာန၏ အသိပေးအကြောင်းကြားချက်အရ အသိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ယာယီလမ်းပိတ်ပြီး လုပ်ငန်းဆောင်ရွက်မည့်နေ့ရက်များတွင် ဆိပ်ကမ်းတံတားများသို့ ဝင်ရောက်မည့် ကုန်သေတ္တာကားများ၊ ကုန်တင်ယာဉ်များအနေဖြင့် အဆိုပါနေ့ရက်များတွင် ကမ်းနားလမ်းကိုအသုံးပြု၍ ဝင်/ထွက်သွားလာကြရန် အသိ ပေး ကြေညာထားသည်။

ဒလတံတားစီမံကိန်းသည် ၂၀၂၃ခုနှစ် ဖေဖော် ဝါရီလအထိ စီမံကိန်းတစ်ခုလုံး၏ (၅၃) ရာခိုင်နှုန်းပြီး စီးနေပြီဖြစ်ကာ လာမည့် ၂၀၂၄ ဇန်နဝါရီတွင် ရာနှုန်းပြည့်ပြီးစီးရန်လျာထား လုပ်ဆောင်နေကြောင်း ဆောင်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

Total Views ~ 1124

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.