ဒီဇင်ဘာ ပထမပတ်အတွင်း တရုတ်နိုင်ငံ သို့ကျောက်စိမ်း ကီလို ၃၀၀၀ကျော်တင်ပို့ထား

၂၀၂၃ ဒီဇင်ဘာ ၂၀
    ဒီဇင်ဘာ ပထမပတ်အတွင်း ပုဂ္ဂလိကကဏ္ဍမှ တင်ပို့မှုများအပြင် နိုင်ငံပိုင်ကဏ္ဍမှလည်း မြန်မာ့ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချထားသည့် ကျောက်စိမ်း ၃၂၂၈ ကီလိုကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တန်ဖိုးမြှင့် ကျောက်စိမ်း၊ ကျောက်မျက်အချောထည်များဖြစ်သည့် ကျောက်စိမ်း လက်ကောက်၊ ပုတီးစေ့၊ လည်ဆွဲ၊ ကျောက် စိမ်းလက်ပတ်များကိုလည်း မြန်မာ့ကျောက် မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ One Stop Services Centre များတွင် ဝယ်ယူပြီး လေကြောင်းခရီးဖြင့် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
    ကုန်စည်တင်ပို့မှုသတင်းအချက် အလက်များအရ၂၀၂၃ခုနှစ် ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၂၁ သန်းရှိကာ လယ်ယာထွက် ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ မြေပဲဆန်၊ နှမ်း၊  ပြောင်း၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဝဥ၊ ချင်းခြောက်၊ သီဟိုဠ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီးများ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။ ရေထွက်ကုန်ပစ္စည်း တင်ပို့မှု၌လည်း ဒီဇင်ဘာလ ပထမပတ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ထိရှိပြီး ပင်လယ်ရေကြောင်း။ လေကြောင်းမှ တရုတ်၊ မလေးရှား၊ ဗီယက်နမ်၊ ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဆော်ဒီအာရေဗျ၊ အမေ ရိကန်၊ ကနေဒါ၊ အိုမန်၊ ယူအေအီး၊ ယူကေ၊ လက်ဘနွန်၊ ဟောင်ကောင်၊ ဘရာဇီးနိုင်ငံ ဈေးကွက်များနှင့် နယ်စပ်ကုန်သွယ်မှုတွင် ကော့သောင်း၊ မြိတ်၊ မောတောင်၊ မြဝတီစ ခန်းများမှ ငါးမျိုးစုံနှင့် ငါးမှုန့်၊ ငါးခြောက် ရေထွက်ကုန်များ ပိုမိုတင်ပို့လာနိုင်ကြောင်း သိရသည်။
    ပို့ကုန်တင်ပို့သူများ အကျိုးအမြတ်ရရှိပြီး ပြည်တွင်းဈေးကွက် လိုအပ်ချက်ရှိသည့် ဓာတ်မြေသြဇာ၊ စက်သုံးဆီစသည့် အဓိက ကုန်စည်များတင်သွင်းခြင်းဖြင့် ကုန်စည်စီးဆင်းလည်ပတ်မှု (Turn Over) မြန်ဆန်ရေးအတွက် ရော်ဘာပို့ကုန်ရငွေဖြင့် ဓာတ်မြေသြဇာတင်သွင်းခွင့် အစီအစဉ်များ ခွင့်ပြုပေး လျက်ရှိရာ ဒီဇင်ဘာလဆန်း၌ ရော်ဘာတင်ပို့မှုသည် ပြီးခဲ့သည့်လထက် နှစ်ဆကျော် တိုးတက်တင်ပို့လာနိုင်ကြောင်း သိရသည်။ ယခုပွင့်လင်းရာသီအချိန်၌ တိရစ္ဆာန်ထွက် သားရေစိမ်းနှင့်သားရေချော တင်ပို့မှု၊ သစ်အချောထည်ပစ္စည်းများတင်ပို့မှု၊ စက်မှုကုန်ချောပစ္စည်းများဖြစ်သည့် သကြား၊ CMP ချုပ်ပြီး အထည်တို့လည်း တင်ပို့မှုပိုမိုလာကြောင်း သိရသည်။

Total Views ~ 578

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.