Breaking

နစကဥက္ကဌက သီရိပျံချီဘွဲ့ ပေးအပ်ခြင်းခံခဲ့ရသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌဦးသုဝေအား ဂုဏ်ပြုပွဲကျင်းပမည်

၂၀၂၃ ၊ ဇန်နဝါရီ ၁၀ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ က ချီးမြှင့် ပေးအပ်ခြင်းခံခဲ့ရသည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌကြီး “သီရိပျံချီ ဦးသုဝေ” ကို ဂုဏ်ပြုပွဲကျင်းပမည် ဖြစ်ကြောင်း ပါတီ‌အထွေ ထွေအတွင်းရေးမှူး ဦးရန်နိုင်၀င်းက ပြောသည်။


ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌကြီး ဦးသုဝေ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ က၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးအတွက်၊ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်များအား၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာ စာအမှတ် ၂၁၅/ ၂ဝ၂၂ ရက်စွဲဖြင့်၊“စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ ” “သီရိပျံချီ” ဘွဲ့ အား အပ်နှင်းခဲ့ခြင်း ဖြစ်သည်။


ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိခဲ့သော ဥက္ကဌကြီး “သီရိပျံချီ ဦးသုဝေ” အားဂုဏ်ပြုပွဲ ကို ဇန်နဝါရီ ၁၅ ရက်နေ့တွင်ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ် ၁၇ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ဦးရန်နိုင်၀င်းက ပြောသည်။


ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၈ ရက်က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်က နေအိမ်တွင် မ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီးကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ကြောင်း သိရသည်။


ဦးသုဝေသည် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌအပြင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)၏ ဒုဥက္ကဋ္ဌတာ၀န်ကို ယူခဲ့သူဖြစ်ပြီး။ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအရေးကိုအားစိုက်ခဲ့သည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

Total Views ~ 394

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59132

© 2022 - 2025 News. All Rights Reserved.