နစ်မြုပ်မည်အခြေအနေရှိစက်လှေပေါ်မှ ဘင်္ဂလီ ၁၅၄ ဦးကို ကမ်းလွန်ရေနံလုပ်ကွက်တွင် ရေယာဥ်၂စီးကကယ်တင်

မြိတ် ၊၂၀၂၂ ဒီဇင်ဘာ ၈

နစ်မြုပ်မည်အခြေအနေရှိစက်လှေပေါ်မှ ဘင်္ဂလီ ၁၅၄ ဦးကို ကမ်းလွန်ရေနံလုပ်ကွက်တွင် ရေယာဥ်၂စီးကကယ်တင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင် ရွက်နေသည့်ကမ်းလွန်ရေနံလုပ်ကွက်မှ ရေယာဉ် ၂ စီးသည် မြိတ်မြို့ အနောက်တောင်ဘက် ရေမိုင် ၁၅၀ကျော်အကွာ(ထိုင်းပင်လယ်ပြင်အနီး)၌ ဘင်္ဂလီများတင်ဆောင်လာသည့် ရေစိမ့်ဝင်နေသောစက်လှေတစ်စင်းအား ရေနစ်မြုတ်မည့်အခြေအနေမှ ကယ်တင်နိုင်ခဲ့ကြောင်းသတင်းရရှိသည်နှင့်တပ်မ တော် (ရေ)မှလည်း ပူးပေါင်းဆောင်ရွက်ဆောင်ရွက်ခဲ့ရာ ည ၈နာရီအချိန်ခန့်တွင် ဘင်္ဂါလီ ကျား ၁၀၆ ဦး၊ မ ၄၈ ဦး၊ စုစုပေါင်း ၁၅၄ ဦး အားကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

၎င်းဘင်္ဂါလီများအား ကနဦးစစ်ဆေးမေးမြန်းချက်အရ ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းမှဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ရန်ထွက်ခွာလာစဉ် စက်လှေမှာရေစိမ့်ဝင်ခဲ့ကြောင်းသိရပြီးသတင်းအသေး စိတ်ကို နစကသတင်းထုတ်ပြန်ရေး အဖွဲ့မှ ဆက်လက်ထုတ်ပြန်မည်ဟု သိရသည်။


Total Views ~ 211

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.