နမ့်စန်မြို့နယ်တွင် ကျပ်သိန်း ၃၆၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိ

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်တွင် ငွေကျပ်သိန်း ၃၆၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR သတင်းထုတ်ပြန်ထားသည်။


    နို၀င်ဘာလ ၂၄ ရက်နေ့ ၁၁:၅၅ အချိန်တွင် နမ့်စန်-ခိုလမ်သွား ကားလမ်းတွင် မော်တော် ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းကျော်ခေါင် မောင်းနှင်လာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းညိုမှုန့်အလေးချိန် ၆၀ ကီလို(ဒေသကာလ ပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၃၆၀၀)နှင့် လက် ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
    ယာဥ်မောင်းဖြစ်သူ စိုင်းကျော်ခေါင်(၂၃)နှစ်ကိ နမ့်စန်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

Total Views ~ 325

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.