နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ အခကြေးငွေယူ၍ Passport ပြုလုပ်ပေးသူ အမျိုးသမီး ၁ ဦးအား ဖော်ထုတ်ဖမ်းဆီး 

၂၀၂၃ ၊ မတ် ၁၀

၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့တွင် “နေပြည်တော်အသိုင်းအဝိုင်း” Facebook Group “Win Min Thant" Facebook Account ပိုင်ရှင်မှ “နေပြည်တော် ၈ မြို့ နယ် အိမ်ထောင်စုဖြင့် ပတ်စပို့အမျိုးမျိုးကို ယုံကြည်စွာဖြင့်အပ်နှံနိုင်ပါပြီ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်09422116161"ဟု ရေးသားဖော်ပြထားခဲ့မှုနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေးစုံစမ်းစစ်ဆေးမှုများဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက Facebook Page တွင်ဖော်ပြထားရှိသည့် ဖုန်းနံပါတ် 09-422116161 သို့ မတ်လ ၈ ရက်နေ့ ညနေ ၇ နာရီအချိန်တွင် ဆက်သွယ်စုံစမ်းခဲ့ရာ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အသစ် (သို့မဟုတ်) သက်တမ်းတိုးလျှောက်ထားမည်ဆိုပါက ၎င်းအား ငွေ ကျပ်၂၄၀,၀၀ဝိ/-နှစ်သိန်းလေးသောင်းကျပ်) ပေး ချေရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူအနေဖြင့် မှတ်ပုံတင်မိတ္တူ ၂ စုံ၊ အိမ်ထောင်စုစာရင်းမိတ္တူ ၂ စုံ ယူဆောင်လာ၍ ပျဉ်းမနားတရားရုံးအရှေ့ရှိ ၎င်း ၏နေအိမ်ဖြစ်သော “ရွှေလဝန်းမိတ္တူ”သို့ စရံငွေကျပ်၁၀၀၀၀ဝိ/-(တစ်သိန်းကျပ်)နှင့်အတူ ယုံကြည်စိတ်ချစွာလာရောက်အပ်နှံနိုင်ကြောင်း၊ PJ အမျိုးအစားဖြင့် လျှောက်ထားမည်ဆိုပါက မြို့နယ်အလုပ်သမားရုံးမှ လေဘာကတ် ယူဆောင်လာရမည်ဖြစ်ကြောင်း၊ လေဘာကတ်ယူဆောင်ရန် အခက်အခဲရှိပါကငွေကျပ် ၅,၀၀ဝိ/-(ငါးထောင်ကျပ်)ထပ်မံပေးရမည်ဖြစ်ကြောင်း၊ အလုပ်အပ်မည်ဆိုပါက စရံငွေနှင့်အတူ ၎င်း၏နေအိမ်သို့ လာရောက်အပ်နှံနိုင်ကြောင်း၊ အလုပ်အပ်နှံသည့် နေ့မှစတင်၍ တစ်ပတ်အတွင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားနိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး လျှောက်ထားပြီးပါက ၂ ပတ်အတွင်း စာအုပ်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ကြောင်း သိရသည်။

ထိုသို့စုံစမ်းဖော်ထုတ်ချက်အရ ၎င်းချိန်းဆိုသည့် ပျဉ်းမနားမြို့ ၊ ပေါင်းလောင်း(၂) ရပ်ကွက်ရှိ“ရွှေလဝန်းမိတ္တူ”ဆိုင်သို့ သွားရောက်ဖမ်းဆီးခဲ့ရာ အ ခကြေးငွေယူ၍ နိုင်ငံကူးလက်မှတ် တစ်ဆင့်ခံပြုလုပ်ဆောင်ရွက်ပေးသူ တရားခံဖြစ်သည့် ဝင်းမင်းသန့်(၄၂)နှစ် အား ယမန်နေ့( မတ်လ ၉)ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် အဆိုပါမိတ္တူဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Total Views ~ 677

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.