၂၀၂၂၊ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြိုနယ်၊ဝမ်းဘော်ဒတ်ကျေးရွာရှိ ဝမ်းဘော်ဒတ်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲက ဒီဇင်ဘာ ၁၇ရက်က ရန်ကုန်အဝင်နှင့် ပဲခူးမှအထွက် မော်တော်ယာဥ်နှင့်ဆိုင်ကယ်များအားယာဉ်စစ်ပိတ်ဆိုဆောင်ရွက်နေစဉ် နေ့လယ်၁၁ နာရီခန့်တွင် ပဲခူးဘက်မှရန်ကုန်ဘက်သို 2K/..... Minibus အမျိုးအစား အဖြူရောင်ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါယာဉ်ပေါ်မှစီးနင်းလိုက်ပါလာသည့် ပြည့်ဖြိုးထွန်း(၃၂)နှစ် အမှတ်(၃)ရပ်ကွက် အင်းတကော်မြိုနေသူနှင့် မသင်းသင်းခိုင်(၄၂)နှစ်စက်ရုံ အမှတ်(၄)ရပ်ကွက် အင်းတကော်မြိုနေသူတို ၂ ဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ထိန်းသိမ်းခေါ်ဆောင်စစ်ဆေးရာ ပြည့်ဖြိုးထွန်း ကိုင်ဆောင်သောဖုန်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့်စာသားများနှင့် မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေထားကြောင်းစစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် ပြည့်ဖြိုးထွန်း(ဖမ်းမိ)အား (ပ)၇၉/၂၀၂၂ ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး တရားခံအား ချုပ်နှောင်ထား ရှိကြောင်းနှင့် မသင်းသင်းခိုင်သည် အမှုနှင့်ဆက်စပ်ခြင်းမရှိသည့်အတွက် ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရသည်။