ပြည်သူ့ရင်ပြင်တွင် တည်ဆောက်နေသည့် ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန် ၉၀ ရာခိုင်နှုန်း ပြီးစီး

၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၇
    ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ သင်္ကြန်ကာလအမီ ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေ  လှောင်ကန် တည်ဆောက်နေမှုမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
    ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ မြေအောက်ရေလှောင်ကန် တည်ဆောက်လျက်ရှိကာ၊ ယင်းသို့ တည်ဆောက်ရေး ဆောင်ရွက်မည့် မြေအောက်ရေလှောင်ကန် အကျယ်အဝန်းမှာ အလျားပေ ၈၀၊ အနံ ပေ ၄၀ နှင့်အနက် ၁၁ ပေရှိကာ ရေတွန်းစက်ရုံမှာ အလျားပေ ၄၀၊ အနံ ၁၈ ပေရှိ 30 HP (22 kw) စက်လေးလုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရာခိုင်နှုန်း ၉၀ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
    ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေသည့် ပြည်သူ့ရင်ပြင်နှင့်ပြည် သူ့ဥယျာဉ်အတွင်း ရေဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံအပေါ် အမိုးတည်ဆောက်နေမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက် ရေးနှင့် အပေါ်အမိုး(Roof Slap) ပြီးစီးပါက မြေယာရှုခင်းကောင်းမွန်စေရေး မြက်စိုက်ပျိုးရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်း သိုလှောင်သွားမည်ဖြစ်ကြောင်း၊ ယင်းမြေအောက် ရေလှောင်ကန်ကို လာမည့် သင်္ကြန်ကာလအမီ တည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ရန်အတွက် တည်ဆောက်ရေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Total Views ~ 505

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.