ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်မှုမှန်သမျှအား ဥပဒေနှင့်အညီ ကာကွယ်ခြင်းသည် သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြော



၂၀၂၂ ဒီဇင်ဘာ ၂

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင်ပြုလုပ်လာသည့် အပြုအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း ပြင်ဦးလွင်မြို၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ယနေ့(ဒီဇင်ဘာ ၂) ပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“၂၀၀၈အခြေခံဥပဒေအရ တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် ဒို့တာဝန်အရေး ၃ပါးကို ကာကွယ်စောင့် ရှောက်ရန် စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိက တာဝန်ရှိတယ်။ ဒါကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီး အောင် ပြုလုပ်လာတဲ့ အပြုအမူမှန်သမျှကို ဥပဒေနဲ့ အညီ ကာကွယ်တားဆီးခြင်းဟာ သမိုင်းပေးတာဝန်ထမ်းဆောင်ခြင်းသာ ဖြစ် တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ်တစ်ခုတည်းဖြင့် မပြည့်စုံဘဲ တိုင်းရင်းသားအားလုံး စုပေါင်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်သည့် ပြည်ထောင်စု စနစ်တည်ဆောက်သွားခြင်းသည် နိုင်ငံတော်အတွက် အသင့်တော်ဆုံးဖြစ်၍ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ လူထု လူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုသူများ ဝင်ရောက် ရွေးချယ်ခံနိုင်ရေးအတွက် နိုင်ငံအနှံ့ အကြားအလပ်မရှိ ကျင်းပနိုင်ရန် လိုအပ်ကြောင်း ထည့် သွင်းပြောကြားခဲ့သည်။

ယင်းအပြင် တစ်နိုင် ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း တံခါးဖွင့်ထားပြီး ကြိုဆိုနေကြောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရန်အတွက်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့သည်။

 

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.