ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇
မတ်လအတွင်း ကျပ်နှစ်သောင်းတန် ထွက်ရှိမည်ဆိုသည်မှာ သတင်းမှား၊ ကောလာဟလသာဖြစ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်လိုက်သည်။
လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် မတ်လအတွင်း ကျပ်နှစ်သောင်းတန်များ ထွက်ရှိမည်ဆိုသည့် မဟုတ်မမှန် သတင်းတု၊ သတင်းမှားများကြောင့် မော်တော်ကားများ၊ ဒေါ်လာများ ဝယ်ယူစုဆောင်းနေကြကြောင်းနှင့် မော်တော်ကားဈေးများလည်း မြင့်တက်၊ ဒေါ်လာဈေး များလည်း အလွန်မြင့်တက်နေကြောင်း သတင်းများထွက်ပေါ်နေကြောင်း၊ နှစ်သောင်းတန် ငွေစက္ကူ အား မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်မှစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်းငွေစက္ကူများဖြင့် အထိမ်းအမှတ် ထုတ်ဝေခဲ့သည့် ကျပ်နှစ်သောင်းတန်အသစ်များအား အကန့်အသတ်ဖြင့်သာ လဲလှယ်ဆောင် ရွက်ပေးလျက်ရှိကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။
၎င်းင်းဖြစ်ပေါ်နေသော သတင်းများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ်တလန့်ဖြစ်အောင် ဝိသမလောဘသမားများကဆောင် ရွက်နေခြင်းသာဖြစ် ကြောင်း၊ နိုင်ငံခြားသုံး ငွေကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံး ငွေစီမံခန့် ခွဲမှု ဥပဒေပုဒ်မ (၁၀) နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် (၁၅) တို့အရ ပြည်တွင်း၌ နေထိုင်သူများအနေဖြင့် တရား ဝင်နည်းလမ်းမှ ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိ (သို့မဟုတ်) ယင်း နှင့်ညီမျှသော နိုင်ငံခြားငွေကို ခြောက်လအ တွင်း ကိုင်ဆောင်ခွင့်ရှိသည့်အချက်အား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် လိုအပ် မည်ဟုလည်း အသိပေးထားသည်။
ထို့အပြင် ဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေများအား ကိုင်ဆောင်ဈေးကစားနေသူများကိုလည်း ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် လက်ရှိလည်းအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်ပေါ်နေသောသတင်းများသည် ကောလာ ဟလသတင်းများသာဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အသိပေး ထုတ်ပြန်ထားသည်။
ဓအရင်တစ်ပတ်ကတည်းက လူမှုကွန်ရက် စာမျက်နှာတွေ၊ အင်တာနက် ဝက်ဘ်ဆိုဒ်တွေပေါ် မှာ ငွေကျပ် ၂၀၀၀၀ တန် ငွေစက္ကူတွေ ထွက်ရှိမယ်ဆိုပြီးတော့ မဟုတ်မမှန်သတင်းတု၊ သတင်းအမှားတွေ ဆက်တိုက်ထုတ်လွှင့်နေခဲ့တာ ရှိပါတယ်။ကျွန်တော်တို့အနေနဲ့ အရင်ကလည်း မိဘ ပြည်သူများ သိအောင် ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။ ဒီ ၂၀၀၀၀ တန်ငွေစက္ကူကို ၂၀၂၃ ခုနှစ် ဇူလိုင်လထဲမှာ အထိမ်းအမှတ်နဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ကျွန်တော့်အနေနဲ့အထိမ်းအမှတ်နဲ့ ထုတ်တဲ့ငွေ စက္ကူသာဖြစ်တယ်။ အများပြည်သူတွေ အထိမ်းအမှတ်နဲ့ သိမ်းဆည်းနိုင်အောင်လို့ ဟောင်းနွမ်းငွေစက္ကူတွေနဲ့ပဲ အကန့်အသတ်နဲ့ လဲလှယ်ပေးမှာ ဖြစ်တဲ့အကြောင်း ကျွန်တော်တို့ ထုတ်ပြန်ပြီးဖြစ်ပါတယ်။ သို့သော် ကောလာဟလ သတင်းတွေများ ပြားနေတဲ့ အချိန်မှာ အချိန်ကိုက် ဒါကို ငွေရေးကြေးရေး ဈေးကွက်မတည်မငြိမ်ဖြစ်အောင်၊ ဘဏ်တွေနဲ့ကိစ္စတွေ မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ပြီး ထုတ်လွှင့်တာပဲဖြစ်ပါတယ်။ ဒီသတင်းသည် မဟုတ်မမှန်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကလည်း သတင်းထုတ်ပြန်ချက် ထပ်မံထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားသုံး ငွေနဲ့ပတ်သက်ပြီးလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲရေး စည်းမျဉ်းများ ရှိပြီးဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ငွေရေးကြေးရေး ဈေးကွက်ကစားလိုမှု၊ ကျွန်တော် ယခင်ပြော ခဲ့သလို ပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ မတည်မငြိမ်ဖြစ်အောင် ကောလာဟလ ထုတ်လွှင့်နေမှုများကို သတိထားသင့် ကြောင်း အသိပေးတင်ပြလိုပါတယ်"ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။