မော်လမြိုင်လေဆိပ်အား ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစား အားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဉ်ကွင်းတစ်ခုအဖြစ်တည်ဆောက်မည်

မွန်ပြည်နယ် ၊ ဒီဇင်ဘာ ၂၀ 

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်သည့် ပြည်တွင်းလေကြောင်းလိုင်းများမှ လေယာဉ်အမျိုးအစားအားလုံး ဆင်းသက်နိုင်သည့် အဆင့်မီလေယာဉ်ကွင်းတစ်ခု တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ 

ယနေ့(ဒီဇင်ဘာ ၂၀) မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပြီးနောက် မော်လမြိုင်လေဆိပ်အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေ

များနှင့် မော်လမြိုင်မြို့အနီး နိုင်ငံတကာအဆင့်မီလေယာဉ်ကွင်း တည်ဆောက်မည့်

အခြေအနေများအား ကြည့်ရှုစစ်ဆေးစဥ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

မော်လမြိုင်လေဆိပ်သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ပြီး မော်လမြိုင်လေယာဉ်ကွင်းသည်မြို့နှင့်နီးကပ်ခြင်း၊ တက္ကသိုလ်နှင့် နီးကပ်ခြင်းတို့ကြောင့် ခေါက်ရေတိုးချဲ့ပြေးဆွဲရန်ကန့်သတ်ချက်ရှိခြင်း၊ လေယာဉ်ပြေးလမ်းအား တိုးချဲ့ရန် ကန့်သတ်ချက်ရှိခြင်းတို့ ကြောင့် မော်လမြိုင်လေဆိပ်ကို နေရာအသစ်သို့ပြောင်းရွှေ့ရန်အတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်

Total Views ~ 186

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43031

© 2022 - 2025 News. All Rights Reserved.