မြစ်ကြီးနား-ဗန်းမော်သွားခရီးသည် တင်ယာဉ်ပေါ်မှ PDFအကြမ်းဖက်သင်တန်းသွားတက်မည့် ၅ ဦး ဖမ်းဆီးရမိ

မြစ်ကြီးနား ၊၂၀၂၂ ဒီဇင်ဘာ ၅
မြစ်ကြီးနား-ဗန်းမော်သွား “ဗန်းမော်စတား” ခရီးသည်တင်ယာဉ်ပေါ်မှ PDF အကြမ်းဖက်သင်တန်းသွား တက်ကြမည့် ၅ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ(၁) မျိုးမင်းဇော်(PDF အကဖ)၊(ပုလွေရွာ၊ ကသာမြို့နယ်)၊(၂) ချစ်စမ်းမောင် (သင်တန်းတက်မည့်သူ)၊ (မံသဲရွာ၊ မံစီမြို့နယ်)၊(၃) ဇော်မျိုးဦး(သင် တန်းတက်မည့်သူ)၊ (ဆင်ကုန်းရပ်ကွက်၊ ဗန်းမော်မြို့)၊(၄) အောင်ခိုင်မြင့် (သင်တန်းတက်မည့်သူ)၊ (ဆင်ကုန်းရပ်ကွက်၊ ဗန်းမော်မြို့)၊(၅) ရဲလင်းသူ (သင်တန်းတက်မည့်သူ)၊ (ကမ္ဘားနီရွာ၊ ဗန်းမော်မြို့နယ်)တို့ ဖြစ်ပြီး ၎င်းတို့ ၅ ဦးသည် မိုင်ဂျာယန်မှာ ဖွင့်လှစ်မယ့် PDF အကြမ်းဖက်သင်တန်း အမှတ်စဉ်(၄)နှင့် ဒိန်စိမ်းပါ မှာ ဖွင့်လှစ်မယ့် PDF အကြမ်းဖက်သင်တန်း အမှတ်စဉ်(၅)တို့ကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 310

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.