ယခုနှစ်အတွင်း စစ်ကိုင်း၊မကွေး၊ချင်းနှင့် ကချင်ပြည်နယ်တို့ရှိ အိမ်​ခြေပေါင်း ၅၂၀ ကျော်ကို KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့

၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၂၈။
၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ အိမ်​ခြေပေါင်း ၅၃၆ လုံးကို KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အ ကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUGI CRPH နှင့် PDF အမည်ခံအကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ အင်ကြင်း
ကုန်းကျေးရွာအတွင်း KIA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်နေထိုင်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း အကြမ်း ဖက်မှုကိုမလိုလားသည့် ကျေးရွာသားအချို့က လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်ဆက်သွယ်အကြောင်းကြားသတင်းပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၂၇ ရက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် အဆိုပါကျေးရွာသို့သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး
တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာ၏ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းတို့ဆုတ်ခွာသွားစဉ်ကျေးရွာအတွင်းရှိ နေအိမ်မျာအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် ၄၀ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊
အလားတူ ထီးချိုင့်မြို့နယ်၊ ဆူးပုတ်ချောင်းကျေးရွာသို့ နိုဝင်ဘာ ၂၆ ရက် နံနက်
၆ နာရီခွဲခန့်တွင် PDF အမည်ခံ အကြမ်း ဖက်သမားများ ကျေးရွာ၏ အနောက်တောင်ဘက်မှ ရောက်ရှိလာပြီး ကျေးရွာသူ/ ကျေးရွာသားများအား စုဝေး၍ ရွာပြင်သို့ထွက်ရန်
အကြမ်းဖက် ခြိမ်းခြောက်ပြောဆိုပြီး ကျေးရွာအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာမီးလောင်မှုကြောင့် လူနေအိမ် ၄၀ လုံး၊ လက်တွန်းထွန် စက် ၆ စီး၊ စပါးချွေလှေ့စက် ၁လုံး၊ မော် တော်ဆိုင်ကယ် ၂၀ စီး၊ မီးစက် ၂ လုံးနှင့် စပါးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့်၂၀၂၂ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၄၈ လုံး၊ မကွေးတိုင်းဒေသကြီးအတွင်း အိမ်ခြေ ၂၈ လုံးနှင့်ချင်းပြည်နယ်အတွင်း အိမ်ခြေ ၂၂၀ လုံးနှင့်ကချင်ပြည်နယ်အတွင်း အိမ်ခြေ ၃၀ လုံး ရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ KIA အဖွဲ့ နှင့် PDF အမည်ခံအကြမ်း ဖက်သမားများ၏ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် မီးဘေးသင့်ပြည်သူများသည် ကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဆွေမျိုးများ၏ နေအိမ်များ၌ နေထိုင်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်တွင်ပါဝင်ပတ် သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 215

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.