ရန်ကုန်တိုင်း သဘာဝဘေးအန္တရာယ်ကာကွယ်၊ ကူညီ၊ ကယ်ဆယ်ရေးအတွက် ယာဉ်အစီးရေ ၆၀၀ ကျော်နှင့် လူ ၃၀၀၀ ကျော် စုဖွဲ့ထား

ရန်ကုန်၊ မေ ၂၈
    ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ထားရှိပြီး ယာဉ်အစီးရေ ၆၀၀ ကျော်နှင့် လူ ၃၀၀၀ ကျော် စုဖွဲ့ထားကြောင်း သိရသည်။ 
    သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်‌ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လူအင်အားစုဖွဲ့ထားရှိမှု၊ မြေသယ်ယာဉ် အစီး ၂၁၀ ၊ ၁၂ ဘီးယာဉ် ငါးစီး၊ Loader (ဝန်ချီစက်) ၁၂ စီး၊ မြေတူးစက် ခြောက်စီး၊ ဒိုဇာ နှစ်စီး၊ ကရိန်း ၁၄ စီး၊ ရေသယ်ယာဉ် ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ၂၅ စီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်လုပ်ငန်း အထောက်အကူ ပြု ယာဉ် ၆၂ စီး၊ မီးသတ်ယာဉ် ၃၀၈ စီး၊ ဆီ ဘောက်ဆာနှစ်စီး စုစုပေါင်း ယာဉ်ယန္တရား ၆၄၆ စီး၊ လူအင်အား ၃၀၅၆ ဦး စုဖွဲ့ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ 
    တိုင်းဒေသကြီး ဝန်ကြီးချုပ်က သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားသည့်အတွက် အလွန်အရေး ကြီးသော ကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံတော် အစိုးရက အမျိုးသားသဘာ ဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီကို ဖွဲ့စည်း၍ လည်း ကောင်း၊ ထို့အတူ တိုင်းဒေသကြီး သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အဖွဲ့များ ဖွဲ့စည်း၍ အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကြို တင်သတိပေးချက်များကို ပြည်သူလူထုထံသို့ အစောဆုံးထုတ်ပြန် ကြေညာနိုင်လေ လူ့အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှု လျော့နည်းလေဖြစ်၍ စနစ်တကျ စီမံဆောင်ရွက်ထား ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်မည်ဟု သိရှိရပါက ပြည်သူလူထုတစ်ရပ်လုံးအား တာဝန်သိစိတ်ကိုယ်စီဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရေး အသိပေး ပြောကြားထားသည်။

Total Views ~ 578

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.