ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၉၀-၄ နှင့် ၁၉၀-၅ ကြား ခရီးသည်တင် (Express)ကားနှင့် Light Truck ကားတိုက် ၁ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ

၂၀၂၃ မေ ၉

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပလွေးအမြန်လမ်း မီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၉၀/၄ နှင့် ၁၉၀/၅ ကြားတွင် အဝေးပြေးခရီးသည်တင်(Express)ကားနှင့် Light Truck ကားတို့တိုက်မိခဲ့၍ ပလွေးအမြန်လမ်းမီးသတ်စခန်း၊ ပလွေးအမြန်လမ်းရဲစခန်းတို့မှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

အဝေးပြေးခရီးသည်တင် (Express)ကားပေါ်တွင်လိုက်ပါလာသည့် ၃၈ ဦးတွင်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ Light Truck ကားပေါ်တွင်လိုက်ပါလာသူ ၁၅ ဦးအနက် အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ၁၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား 192 ကား၊ကြက်ခြေနီအသင်းပိုင်ကားတို့ဖြင့် နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 419

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42770

© 2022 - 2025 News. All Rights Reserved.