ရုရှားနိုင်ငံ ဆိုချီမြို့တွင် အံ့မခန်း နည်းပညာ အသစ်အဆန်းများပါဝင်သည့် ATOME-XPO 2024 ကျင်းပ

ဆိုချီ၊ မတ်၂၈
    (၁၃)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် တီထွင်ဆန်းသစ်မှု ဖိုရမ်(၂၀၂၄) (VIII International Forum ATOMEXPO 2024) ကို ရုရှားနိုင်ငံ ဆိုချီမြို့ရှိ Park of Science and Arts Sirius ၌ မတ် ၂၅ ရက်နှင့် ၂၆ ရက်တွင် ကျင်းပခဲ့သည်။
    အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးÓဏ်ထွန်း၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လေ့လာခဲ့ပြီး ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (Rosatom) မှ တာဝန်ရှိသူများက ပြပွဲအတွင်း ကြည့်ရှုလေ့လာသင့် သည့်နေရာများကို လိုက်လံပြသခဲ့ကြသည်။ထို့ပြင် ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာ နယ်ပယ်အလိုက် ဆွေး နွေးပွဲများတွင် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
    ဖိုရမ်ဖွင့်ပွဲတွင် Rosatom ၏ Director General  ဖြစ်သူ Alexey Likhachev က အမှာစကား ပြောကြားပြီး ဖိုရမ်ကို ဖွင့်လှစ်ပေးသည်။
    ထို့နောက် အဆိုပါဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးကို Empowering Clean Future ခေါင်းစဉ်ဖြင့် ကျင်းပသည်။
    ယင်းဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးနှင့် စကားဝိုင်းဆွေးနွေးပွဲများတွင် နျူကလီးယား စွမ်းအင်အခြေခံသည့် တီထွင်ဆန်းသစ်မှုများ၊ ကာဗွန်ထုတ်လွှတ်မှုလျော့ကျရေး အစီအစဉ်များ၊ စဉ်ဆက်မပြတ်စွမ်း အင်ရရှိရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်မျိုးဆက် သဟဇာ တဖြစ်မှု၊ Atomic Energy ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများ၊ နျူကလီးယားနည်းပညာများနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အ သုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသ နလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စသည့် ကဏ္ဍများတွင် အသုံးပြုမှုအခြေအနေများ၊  စွမ်းအင်များကို အကျိုးရှိရှိ ထိရောက်စွာ ထုတ်လုပ်မှုများ၊ နျူကလီးနည်းပညာ၏ လူသားနှင့်ပတ်ဝန်း ကျင်အပေါ် မထိခိုက်စေဘဲ အကျိုးပြုမှုများ၊ လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်လိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးနေမှုများအပြင် အခြားတီထွင်ဆန်းသစ်မှု အခြေအနေများနှင့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား စက်မှုလုပ်ငန်းနှင့် ဆက်စပ်နယ်ပယ်များ၏ နောက်ဆုံးပေါ် အောင်မြင်မှုများကို ဆွေးနွေး ခဲ့ကြသည်။
    ထို့ပြင်ဖိုရမ်၌ နျူကလီးယားနည်း ပညာအခြေခံသည့် စက်မှုလုပ်ငန်းဆိုင်ရာ ခေတ်မီပြခန်း များနှင့် ပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းကဏ္ဍ၊ သဘာဝပတ် ဝန်းကျင်ကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊ ဒစ်ဂျစ်တယ်ကဏ္ဍ၊ သိပ္ပံပညာကဏ္ဍနှင့် ပညာရေး ကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် Generation IV နျူကလီးယား နည်းပညာများကို မိတ်ဆက်ခင်း ကျင်းပြသခဲ့သည်။
    ပြပွဲအတွင်း ရုရှားနိုင်ငံ၏ အကြီးဆုံး ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Russia 24 က သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် သီးသန့်အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ သည်။
    "Nuclear Power Plant တည် ဆောက်ရေးနဲ့ပတ်သက်ရင် ကျွန်တော်တို့အနေနဲ့ IEEE က သတ်မှတ်ထားတဲ့ Millstone ၊ Nuclear Infrastructure Issue-19  ခုကို လိုက်နာရတာဖြစ်ပါတယ်။ ဒါတွေကိုဆောင် ရွက်နိုင်ဖို့ ROSATOM ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို အသိပညာပေးတာတွေ၊ ကျွန်တော်တို့ရဲ့ လူသားအရင်း အမြစ်တွေ ပြုစုပျိုးထောင်တာတွေ  ဆောင် ရွက်လျက်ရှိပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
    ATOMEXPO 2024 သို့ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ အစိုးရအဖွဲ့ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နျူကလီးယားဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာ အဖွဲ့များအပါအဝင် လူဦးရေ ၄၅၀၀ ကျော် တက်ရောက် ခဲ့ကြသည်။

Total Views ~ 467

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43029

© 2022 - 2025 News. All Rights Reserved.