၂၀၂၃၊ နိုဝင်ဘာ ၂၁
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားခြင်းမှ ပယ်ဖျယ်၍ ပါတီအားဖျက်သိမ်း လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၄၈/၂၀၂၃ )ဖြင့် နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သည် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ် ပါတီကို မှတ်ပုံတင်အမှတ် (၁၉)၊ ၃၀-၅-၂၀၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုခဲ့ကြောင်း၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက် တစ်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေပုဒ်မ-၅ (စ)နှင့်အညီ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် ၃၀-၅-၂၀၂၃ ရက်မှ ၂၇-၈-၂၀၂၃ ရက်အထိ ရက် ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်း ဆုံး ၁၀၀၀ ကို ဥပဒေသတ်မှတ်ချက်အတိုင်း စည်းရုံးမှုမပြုနိုင်ခြင်း၊ ပါတီဝင်အင်အား ပြည့်မီရေးအတွက် ၃၁-၁၀-၂၀၂၃ ရက် နောက်ဆုံးထား၍ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း သတ်မှတ် ချက်နှင့် ကိုက်ညီသောအင်အားစာရင်းအား တင်ပြနိုင်မှု မရှိခြင်းတို့ကို စိစစ်တွေ့ရှိရပါ သဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂/ပုဒ်မခွဲ (က)/ပုဒ်မခွဲငယ်(၉) ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနေသောကြောင့် ၂၀-၁၁-၂၀၂၃ ရက်၌ ကျင်းပသော ပြည် ထောင်စုရွေးကောက် ပွဲကော်မရှင် စီမံခန့်ခွဲ ရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၃) တွင် နိုင်ငံရေးပါတီများမှတ် ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂/ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ထားသည့် ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ယင်းကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ခေတ်သစ်ပြည်သူ့ပါတီ Modern People Party ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု ကြောင်းကြေညာ ချက်အမှတ် ၄၆/၂၀၂၃ ဖြင့်လည်းကောင်း၊ လေဘာပါတီ (Labour Party) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာချက်အမှတ် ၄၇/၂၀၂၃ ဖြင့်လည်းကောင်း UEC မှ ထုတ်ပြန်ကြေညာခဲ့သည်။