ရှမ်းပြည်နယ်ရပ်စောက်မြိုနယ်၊ ပင်ဖြစ်ကျေးရွာဘက်သို မောင်းနှင်လာ သည့် ဒိုင်နာကားအား ရပ်တန့်စေခဲ့ရာ PDFအမည်ခံ အကြမ်းဖက်သမားများ လျှိဝှက်သယ်ဆောင်လာသော လက်နက်၊ကျည်အိမ်နှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

၂၀၂၂ ၊ ဒီဇင်ဘာ ၁၈ 

အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်း သားပြည်သူများ၏ လျှိဝှက်သတင်းပေးပိုချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြိုနယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စုအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲဝင် များသည် ဆော်တောကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ပင်လုံမြို၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြိုနယ်၊ ပင်ဖြစ်ကျေးရွာဘက်သို မောင်းနှင်လာ သည့် ဒိုင်နာအမျိုးအစား တစ်ပါ (အပြာရောင်) ၆ ဘီးယာဉ် ၁ စီးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် ရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ  မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်မှာ ရပ်တန့် သွား ခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


          အဆိုပါရပ်တန့်သွားသည့် မော်တော်ယာဉ်အား လုံခြုံရေးတပ်ဖွဲဝင်များက စစ်ဆေးရှာဖွေခဲ့ရာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် PDFအမည်ခံ အကြမ်းဖက်သမားများ လျှိဝှက်သယ်ဆောင်လာသော   Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီးသိမ်းဆည်းရမိလက်နက်များနှင့် ဆက်စပ်ပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲဝင် များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်အဖွဲများ၏ လှုပ်ရှားမှု သတင်းများ ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲဝင်များထံသို လျှိဝှက်စွာ သတင်းပေးပိုနိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနိုင်ပါရန် အသိပေးထားသည်။

Total Views ~ 190

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43030

© 2022 - 2025 News. All Rights Reserved.