လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် ဗုံးပေါက်ကွဲမှု၍ ၆ ဦးဒဏ်ရာရ

၂၀၂၂၊ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်ရှိ အမှတ်(၇) ရပ်ကွက်နှင့် (၂၀)ရပ်ကွက်တို့တွင် ဒီဇင်ဘာ ၄ ရက်ညပိုင်းက မိနစ်ပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းနေ့ည ၇ နာရီခန့်က အမှတ်(၇)ရပ်ကွက်ရှိ ရန်ကုန်-ညောင်တုန်းသွားကားပေါ် လမ်းဘေးတွင်ထောင်ထားသည့် လက်လုပ်ဗုံးပေါက်ကွဲခဲ့သဖြင့် ဖြတ်သန်းသွားသည့် အမျိုးသမီး နှစ် ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
ထို့ပြင် ည ၇ နာရီခွဲခန့်တွင်လည်း (၂၀)ရပ်ကွက်၊ဗိုလ်တေဇလမ်းရှိ ဘောလုံးကွင်းရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သဖြင့် အမျိုးသား ၄ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် အမျိုးသား လေး ဦးနှင့်အမျိုးသမီး နှစ်ဦး(စုစုပေါင်း ၆ ဦး)တို့အား လူနာတင်ကားများဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 185

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.