

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ သဘာဝတရားရိပ်သာမှ သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင်
သီလရှင် ၃ ပါး၊ ဒါယကာ/ဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး
၄ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့်
မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်၊
2K/------ နှင့် မော်တော်ယာဉ် အမှတ်၊ SN/------- ၂ စီးအား နိုဝင်ဘာ
၂၂ ရက် ည ၉ နာရီခွဲခန့်တွင်
တနင်္သာရီတိုင်းဒေသကြီး၊
ပုလောမြို့နယ်၊ ကဒဲကျေးရွာ လမ်းဆုံအနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ၎င်းမော်တော်ယာဉ် ၂ စီးသည် နိုဝင်ဘာ
၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ရာ ည
၉ နာရီခွဲခန့် တွင် ပုလောမြို့နယ်၊ ကဒဲကျေးရွာလမ်းဆုံအနီးသို့ ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏ယာဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ် ၁ စီးမှာ လမ်းဘေးသို့
ထိုးကျခဲ့ ပြီး ကျန် ၁ စီးမှာ ရပ်တန့်သွားခဲ့ကြောင်း
သိရှိရသည်။
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်
မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တ ဇနက (၂၅)နှစ်သည် ဦးခေါင်းတွင်
ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး
ပျံလွန်တော်မူခဲ့ ကြောင်း၊ ဒေါ်အေးသီတာလွင် ၊ ဦးနန်းဦး နှင့်
ဦးသက်အောင်ဇော် တို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
ယင်းနောက် PDF အမည်ခံ အကြမ်းဖက်သမားများက ည ၉ နာရီ
၄၅ မိနစ်ခန့်တွင် ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား ယနေ့နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌
မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ
ဖမ်းဆီးခံခဲ့ရသူများအား
မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း
သိရှိရသည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သူများအား ထားဝယ်မြို့သို့ ပို့ဆောင်၍ နယ်မြေခံ တပ်မတော်ဆေးရုံမှ တာဝန်ရှိသူများက လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်
ဖြစ်စဉ်ဖြစ်ပွားရာ နေရာ တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။