အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်အောင် ဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ပြော

    အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပပျောက်အောင် ဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကပြောသည်။




    "နိုင်ငံတော်ရဲ့ အင်အားစုတစ်ရပ်ဖြစ်တဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍ ကိုမြှင့်တင်ပေးပြီး အမျိုးသမီးတွေ၊အမျိုးသမီးငယ်ရွယ်တွေကို အကြမ်းဖက်မှုကနေ ကာကွယ်စောင့်ရှောက်ပေးတာက အမျိုးသမီးများရဲ့အခွင့်အရေးအပြည့်အဝရရှိစေဖို့ ဖြည့်ဆည်းပေးနေတာဖြစ်ပြီး နိုင်ငံတော်ရဲ့ ဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်တွေအနေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက် သွားကြပါ" ဟု ၄င်းက ပြောသည်။
    နိုဝင်ဘာလ(၂၅)ရက်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
     ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစု လှုပ်ရှားပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှကာကွယ်ရန် နှင့် တုံ့ပြန်မှုများဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် ဘတ်ဂျက်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Total Views ~ 312

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.