၂၀၂၂ဒီဇင်ဘာ၂၀
မုံရွာခရိုင် အရာတော်မြိုနယ်ငွေတွင်းကျေးရွာတွင် ဒီဇင်ဘာ ၁၉ရက်က PDFများထောင်ထားသော လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ ရှိခဲ့သည်ဟုသိရသည်။
ဖြစ်စဥ်မှာဒီဇင်ဘာ၁၉နံနက် ၈နာရီခန့်တွင် ငွေတွင်းကျေးရွာနေ ဇော်သန်းသည် တစ်ရွာတည်းနေ ဒေါ်မိကြူ၊ဒေါ်ခင်မာဖြိုး၊မငြိမ်းအိစံ၊မပန်းပန်းတိုနှင့်အတူ ကျေးရွာအပြင်ဘက်ရှိကွမ်းစိုက်ခင်းသိုကွမ်းခူးရန်ဆိုင်ကယ်ဖြင့်အသွား ဦးကျန်ရေကန်အနီးရောက်ရှိစဥ်PDFများထောင်ထားသည့်လက်လုပ်တိုက်မိုင်း ဝါယာကြိုးကိုဆိုင်ကယ်ဖြင့်တိုက်မိပေါက်ကွဲခဲ့ပြီးဇော်သန်း၁၉နှစ်သေဆုံးကာဒေါ်မိကြူတွင်ဒဏ်ရာများရရှိခဲ့သည်ဟုသိရသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မောင်ဇော်သန့်၏ ဖခင်ဖြစ်သူ ဦးတိုင်းဌေး က တိုင်တန်း၍ အကြမ်းဖက်အုပ်စု PDF အဖွဲ(အင်အား-စိစစ်ဆဲ)အား (ပ)၆၅/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ေ