အရံတပ်ဖွဲ့ဥပဒေအကောင်အထည်ဖော်ရာတွင် ခေါ်သင့်ခေါ်ထိုက်သူများကိုသာခေါ်ယူ မည်ဟု တပ်ချုပ်ပြောကြား

၂၀၂၄ ၊ မတ်၂၈
    အရံတပ်ဖွဲ့ ဥပဒေကို အကောင်အထည်ဖော်ရာတွင် စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာခေါ်ယူတာ ဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ၂၀၂၄ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    "တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့အတွက် ပြည့်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ဖို့လုပ်ဆောင်ရာမှာ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ နိုင်ငံရဲ့ပထဝီနိုင်ငံရေးအခြေအနေအရ လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ဥပဒေပြဋ္ဌာန်းချက်ကို မဖြစ်မနေဆောင် ရွက်သွားရမှာဖြစ်လို့ ယခုနှစ် ဖော်ဖဝါရီ ၁၀ ရက်မှာ ပြည်သူ့ စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ တို့နိုင်ငံရဲ့ အမျိုးသားရေးတာဝန်ဖြစ်တဲ့ တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပြီး တဲ့နောက် စစ်မှုထမ်းဟောင်းတွေကလည်း တိုင်းပြည် ပြည်ချစ်စိတ်ဓာတ် အမျိုးဘာသာသာသနာကို ကာကွယ်လိုတဲ့ စိတ်ဓာတ်၊ တို့တာဝန်အရေးသုံးပါးကို အထိမခံတဲ့ စိတ်ဓာတ်တွေနဲ့ ကျရာအခန်းကဏ္ဍက နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ပြန်လည် ထမ်းဆောင်ပါမယ်ဆိုတဲ့ သတင်းပို့တောင်းဆိုမှုတွေများပြားလာတာကြောင့် အရံတပ်ဖွဲ့ဥပဒေကို ယခုနှစ် ဖေဖဝါရီ ၁၃ ရက်မှာ အာဏာတည်စေခဲ့ ပြီးဖြစ်တယ်။  ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာလည်း စစ်မှုထမ်း ဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမှာမဟုတ်ဘဲ ခေါ်သင့်ခေါ် ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူ တာဝန်ပေးအပ်သွားမှာဖြစ်တယ်"ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
    ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကာကွယ်ရေး အင်အားကို အထိုက်အလျောက် မြင့်တက်လာစေမှာဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

Total Views ~ 550

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43004

© 2022 - 2025 News. All Rights Reserved.