အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ရန်ပုံငွေ ထူထောင်ပေးမည်

     နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားပြီး  မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိနေသည်ဟု ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၂)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်ကပြောကြားလိုက်သည်။

    အဆိုပါအစည်းဝေးတွင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုများ ကို အတည်ပြုပေးရန်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်၏ အတည်ပြု ထောက်ခံချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဆက်လက်ပေးပိုတင်ပြနိုင်ရေးအတွက် ဆွေးနွေးကြရန်ဖြစ်ကြောင်း။ 

နိုင်ငံတော်ဝန်ကြီးချုပ်က"နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုကြရန် လိုအပ်ကြောင်း။ နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလီယံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားပြီး ဖြစ်ကြောင်း၊ မကြာမီကာလတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို ဖြည့်စွက်ခွင့်ပြုငွေများ ထပ်မံခွင့်ပြုပေးခြင်းများ၊ ကိုဗစ်-၁၉ အထူးချေးငွေရန်ပုံငွေ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုး တိုးတက်ရေးရန်ပုံငွေများကို ထူထောင်ပေးခြင်းများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏စီးပွားရေးကို ပြန်လည်မြှင့်တင်ပေးနိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းပင် ဖြစ်ကြောင်း" ပြော ကြားခဲ့သည်။

Total Views ~ 344

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.