အိန္ဒိယနိုင်ငံတွင် အကျဥ်းကျခံပြီး မြန်မာပြည်ပြန်ရန် ခက်ခဲနေသည့် မြန်မာနိုင်ငံသာ ၄၃ဦးကို သီတဂူဆရာတော် ကယ်တင် ပြီး လေယာဥ်စရိတ်များထောက်ပံ့ကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါမြန်မာနိုင်ငံ လုပ်သား ၄၃ ယောက်တို့သည် အိန္ဒိယနယ်နမိတ် ပင်လည်ထဲသို့ နယ်ကျွန်ငါးဖမ်းရာမှ အိန္ဒိယအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံရပြီး၄ နှစ်ကျော်ကြာ ထောင်ထဲမှာ ထိန်းသိမ်းခံခဲ့ရကာ လုပ်သားအများစုက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ဖြစ်ကြောင်းသိရသည်။
ထောင်သက်တမ်းပြည့်၍ မြန်မာပြည်ပြန်ရန် အခက်ခဲဖြစ်နေကြသော မြန်မာနိုင်ငံသား ၄၃ ယောက်ကို ကျေးဇူးရှင်သီတဂူဆရာတော်ကြီးက လေယာဉ်စရိတ် ပေးလှူ၍ မြန်မာနိုင်ငံသို့ အရောက်ခေါ်ခဲ့ပြီး ရန်ကုန်မှ မိမိတို့ နေရပ်ပြန်နိုင်ရန် လမ်းစရိတ် ၂ သောင်းကျပ်စီ လှူပေးခဲ့ပါသည်။
ဆရာတော်ကြီး၏ ညွှန်ကြားချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ ဒေါက်တာ အရှင်ကောဝိဒသိရီ (သီတဂူစတား)၊ အရှင်ဓမ္မိက နှင့် သီတဂူကပ္ပိယအချို့တို့က ကြိုဆိုနှုတ်ဆက် လမ်းစရိတ်များ ပေးအပ်ခဲ့ပါသည်။
၂၀၁၃ ခုနှစ်က မလေးရှားနိုင်ငံ အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား (၂၀၀၀) ခန့်ကို လေယာဉ် အစီး ၁၂ ခေါက်ဖြင့် ကယ်ထုတ်ခဲ့ဖူးသလို၂၀၁၀ ခုနှစ်ကလည်း သီရိလင်္ကာနိုင်ငံသို့ အကြောင်းအမျိုးမျိူးကြောင့် ရောက်နေကြပြီး ဒုက္ခရောက်နေကြသော မြန်မာနိုင်ငံသား ကိုရင်ငယ်များ၊ သီလရှင်ဆရာလေးများ စုစုပေါင်း ၅၀ ခန့်ကို လေယာဉ်စရိတ် ပေးလှူကာ ကယ်တင်ခဲ့ဖူးသည်