အောက်တိုဘာ ၁ ရက်မှစ၍ YBS ယာဉ်လိုင်းအချို့  ယာဉ်လိုင်းနံပါတ်အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည်

၂၀၂၃ စက်တင်ဘာ ၂၅
    အောက်တိုဘာလ ၁ ရက်မှ စတင်၍ လက်ရှိ ပြေးဆွဲနေသော YBS ခရီး သည်တင်ယာဉ်လိုင်း အချို့မှ ယာဉ်လိုင်းနံပါတ်များအား ပြောင်းလဲပြေးဆွဲသွားမည် ဖြစ်ကြောင်း ယာဉ်လိုင်းအသီးသီး၏ ထုတ် ပြန်ကြေညာချက်တွေအရ သိရသည်။
    YBS ယာဉ်လိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီလီမိတက်၏ ကြေညာ ချက်အရ ၎င်းကုမ္ပဏီမှပြေး ဆွဲဝန်ဆောင်မှုပေးနေသည့် ယာဉ်လိုင်းများဖြစ်သည့် YBS-15  ဒဂုံတက္က သိုလ်-ကြိုးတံတား-ပေါက်တောဝနှင့် ဒဂုံတက္ကသိုလ်-ပြည်လမ်း-တညင်းကုန်း)ပြေးဆွဲနေသော ယာဉ် လိုင်းအား YBS-137 အဖြစ်လည်းကောင်း၊ YBS-21 (မော်တင်)ယာဉ်လိုင်းအား YBS-131 အဖြစ်လည်းကောင်း အမည်ပြောင်းလဲ ၍ ပြေးဆွဲသွားမည်ဖြစ်ပြီး ခရီးစဉ်လမ်းကြောင်းများ အပြောင်းအလဲ မရှိကြောင်း သိရသည်။
    ထို့အပြင် အနောက်ပိုင်း တက္ကသိုလ်မှ လင်းစဒေါင်းအထိ ပြေးဆွဲလျက်ရှိသော YBS-79 ယာဉ်လိုင်းအား YBS-132 ဟု အမည်ပြောင်းလဲ၍ အနောက်ပိုင်းတက္ကသိုလ်မှ ဗိုလ်တထောင်ဘုရားနှင့် လင်းစ ဒေါင်းအထိလည်းကောင်း၊ ဗိုလ်ချုပ်ဈေးမှ ရတနာနှင်းဆီအိမ်ရာနှင့် ယုဇနဥယျာဉ်မြို့ တော်သို့ ပြေးဆွဲလျက်ရှိသော YBS-4 ယာဉ်လိုင်းအား YBS-133 အဖြစ်လည်းကောင်း၊ ၁၆၈ ရပ်ကွက်မှ သုမန လမ်းအတိုင်းလသာ သို့နှင့် ၁၆၈ ရပ်ကွက်မှ ယမုံနာလမ်းအတိုင်း လသာသို့ ပြေးဆွဲလျက်ရှိသော  YBS8 (Mini Bus)  ယာဉ်လိုင်းအား YBS-134  ဟုလည်းကောင်း၊ ဒဂုံတက္ကသိုလ်မှ ကန်ကြီးထောင့် (သာကေတ)သို့ ပြေးဆွဲလျက်ရှိသော YBS-10(Mini Bus) ယာဉ်လိုင်းအား YBS-135 ဟု လည်းကောင်း ယာဉ်နံပါတ်ပြောင်း လဲပြေးဆွဲ သွားမည်ဖြစ်သည်။
    ဆက်လက်၍ အောင်မင်္ဂလာအဝေးပြေးမှ လသာသို့ ပြေးဆွဲလျက်ရှိသည့် YBS-11(Mini Bus) ယာဉ်လိုင်းအား YBS-136 ဟုလည်းကောင်း၊ ဒဂုံဧရာအဝေးပြေး-ရွှေပေါက်ကံ(ဆေးရုံကွေ့)နှင့် ဒဂုံဧရာ အဝေးပြေး-ရွှေပေါက်ကံ(ဆင်ဖုံ)တို့သို့ ပြေးဆွဲနေသည့် YBS-17(Mini Bus) အစား YBS-138  ဟုလည်း ကောင်း၊ ရွှေပေါက်ကံ(တံတားထိပ်)-ဆူးလေနှင့် ဒဂုံတက္ကသိုလ်-ဆူးလေ ပြေးဆွဲနေသော YBS-29  အစား  YBS-139  ဟုလည်းကောင်း၊ ရွှေပြည်သာ(ဝါးတစ်ရာ)-လသာနှင့် ရွှေပြည်သာ(လှော်ကားတာဆုံ)-မော်တင်ပြေးဆွဲနေသည့် YBS-39 (GYTC) အစား YBS-140 ဟုလည်းကောင်း၊ ရွှေပြည်သာ(ညရပ်ကွက်)မှ သခင်မြပန်းခြံသို့ ပြေးဆွဲလျက်ရှိသည့် YBS-40 အစား YBS-141 ဟုလည်းကောင်း၊ ရွှေပြည်သာ(လိန်ကုန်း) မှသခင်မြပန်းခြံသို့ ပြေးဆွဲလျက်ရှိသည့် YBS-40 အစား YBS-142 ဟုလည်းကောင်း၊ ရွှေပြည်သာ (သံဒင်း) မှ သခင်မြပန်းခြံသို့ပြေး ဆွဲလျက်ရှိသည့် YBS-40 အစား YBS-143 ဟုလည်းကောင်း၊ တောင်ဒဂုံ (ကျောက်လမ်း) မှ ဗဟိုအမျိုးသမီးဆေးရုံသို့ ပြေးဆွဲလျက်ရှိသော YBS-59 (ယာဉ်ကြီးနှင့် MiniBus) အစား YBS-144  ဟုလည်းကောင်း အသီးသီး အမည်ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 498

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.