“တစ်ခါတုန်းက တက္ကသိုလ်မှာ” ဇာတ်လမ်းတွဲကို  MRTV-4 ရုပ်သံလိုင်းတွင် ယနေ့စတင် ထုတ်လွှင့်ပြသမည်

၂၀၂၄ ၊ဖေဖော်ဝါရီ ၇
" တစ်ခါတုန်းကတက္ကသိုလ်မှာ ... " မြန်မာရုပ်သံဇာတ်လမ်းတွဲကို ဖေဖော်ဝါရီ (၇)ရက်နေ့မှ စတင်ပြီး အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့  ည (၈ : ၄၅)အချိန် တွင် MRTV-4 ရုပ်သံလိုင်းလိုင်း၌ထုတ်လွှင့်ပြသပေးတော့မည်ဖြစ်ကာ သရုပ်ဆောင်များအနေဖြင့် "ထွန်းဝေ အဖြစ် စည်သူဝင်း" ၊  "ခင်လေး အဖြစ် ဝင့်ယမုံနိုင် " ၊ " လင်းသော် အဖြစ် ကောင်းဇံဟိန်း " ၊ "ကံကော် အဖြစ် သံစဉ်ဆည်းဆာ"တို့က ပါဝင်သရုပ် ဆောင်ထားကြောင်း သိရသည်။
အဆိုပါ အချစ်ဇာတ်လမ်းပုံစံ “တစ်ခါက တက္ကသိုလ်မှာ” ဇာတ်လမ်းတွဲတွင်  တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်ပြီး တစ်ယောက်ကိုပဲ တစ်သက်လုံးပိုင်ဆိုင်ချင်သည့် ခင်လေးနေရာတွင် ပါဝင်ထားကြောင်း သရုပ်ဆောင် ဝင့်ယမုံနိုင်က "ဒီကားမှာ ခင်လေးဆိုတဲ့ တက္ကသိုလ်ကျောင်းသားနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်က တစ်သက်မှာ တစ်ယောက်တည်းကိုပဲ ချစ်ပြီးတော့ အဲ့ဒီတစ်ယောက်ကိုပဲ တစ်သက်လုံးပိုင်ဆိုင်ချင်တဲ့သူလေးပေါ့။  ချစ်စရာကောင်းတဲ့ ကျောင်းသားဘဝကို အမှတ်ရစေမယ့် ဇာတ်ကားလေးဆိုလည်း မမှားပါဘူး”ဟုပြောကြားခဲ့သည်။

ဝတ္ထု နွမ်ဂျာသိုင်း၊ ဇာတ်ညွှန်း ဟိန်းဇော်ဦး၊ သက်ဇွန်နဲ့ ခင်မောင်ကျော်တို့က ရေးသားထားပြီး ဒါရိုက်တာ သိန်းဟန်(ဖီးနစ်)မှ ပုံဖော် ရိုက်ကူးမည်ဖြစ်ကြောင်း၊သရုပ်ဆောင်များအနေဖြင့် စည်သူဝင်း၊ ဝင့်ယမုံနိုင်၊ ကောင်းဇံဟိန်း၊ သံစဥ်ဆည်းဆာ၊ တေဇာကျော်၊ ဟန်နလာ၊ ကျော်မိုးပိုင်၊ စိုးထွန်းဝင်း၊ ဟန်ထက်စံ၊ နေဝန်း စသည်တို့ပါဝင်ကြောင်းသိရသည်။

Total Views ~ 564

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42993

© 2022 - 2025 News. All Rights Reserved.