“မုန်းခွင့်”ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ ၂၉ ရက်တွင် တစ်နိုင်ငံလုံး တွင်ပြသမည်

2023 စက်တင်ဘာ ၂၆

“မုန်းခွင့်”ရုပ်ရှင်ဇာတ်ကား စက်တင်ဘာ ၂၉ ရက်တွင် တစ်နိုင်ငံလုံး ရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင်ပြသမည် ဖြစ်ကြောင်း၂၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံတွင် ကျင်းပသည့် ရုပ်ရှင်အထူးပြသပွဲတွင် သိရသည်။ အဆိုပါ"မုန်းခွင့်”ရုပ်ရှင်ဇာတ်ကားတွင်ပါဝင်သည့် သရုပ်ဆောင် မေမြင့်မိုရ်က "မုန်းခွင့် ဇာတ်ကားမှာ မေက စံပယ်ဖြူဆိုတဲ့ ကာရိုက်တာက ပါဝင်ထားတာပါ။

ဒီ ကာရိုက်တာက မေ့အတွက် Challenge ဖြစ်တယ်။ နည်းနည်း ဗီလိန်ပုံစံမျိုး သရုပ်ဆောင်ထားတာဆို‌တော့ ပရိသတ်တွေ အမြင်သစ်လေး ကြည့်ရမယ်လို့ ထင်ပါတယ်။ ဒီကားလေးကို အားပေးကြပါဦးလို့ ပြောချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ ထို့အပြင် ဒါရိုက်တာ စိုးမိုးမင်းက“မုန်းခွင့် ဇာတ်ကားက ကျွန်တော်ရဲ့ ‌ဒုတိယမြောက်ဖန်တီးထားတဲ့ ရုပ်ရှင်ကားပါ။ အချစ်ဇာတ်လမ်းလေးပါ။

ရည်ရွယ်မိုးနဲ့ မတူတဲ့ ပုံစံလေးပါ။ ဒီကားလေးကို ကြိုက်ပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ်ထင်ပါတယ်။ စကားလုံးတွေလည်း ခေတ်နဲ့အညီ ဖန်တီးထားရတာတွေ ပါတယ်။ မုန်းခွင့်က ရသတစ်မျိုးနဲ့ ပရိသတ်တွေခံစားရမှာပါ ” ဟုပြောသည်။ မုန်းခွင့် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ စိုးမိုးမင်းမှ ရိုက်ကူးပုံဖော်ထားကြောင်း၊ သရုပ်ဆောင်များ အနေဖြင့် အကယ် ဒမီ ရွှေထူး ၊ အကယ်ဒမီ ခင်ဝင့်ဝါ ၊ မေမြင့်မိုရ် ၊ ဟင်နရီ ၊ မင်းသူ ၊ ငှက်ပျော်ကြော် ၊ မောင်ကင်း ၊ ဇွဲ ၊ ရဲရင့်စည်သူအောင် ၊ ဆုမြတ်ရည် ၊ မေသဇင်မြင့်အောင် ၊ ရွှန်းလဲ့နေခြည် ၊ ဆုပိုပိုထွန်း ၊ နှင်းရတီထက် ၊ ဒီးဒီပိုး ၊ သုန္ဒြေအောင် စသည့်အနုပညာရှင်များ ရိုက်ကူးထားကြောင်း၊“မုန်းခွင့်” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၂၉ရက်နေ့တွင် မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည် ဖြစ်ကြောင်းသိရသည်။

Total Views ~ 504

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.