PDFများ ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးအား တပ်မတော် စစ်ကြောင်းက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့

၂၀၂၂ဒီဇင်ဘာ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြိုနယ်တွင် PDFများ ဖမ်းဆီးသွားသည့် ပြည်သူနှစ်ဦးအား တပ်မတော် စစ်ကြောင်းများက အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည်ဟုသိရသည်။
ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ခေါင်းဆောင်စိစစ်ဆဲ PDF အင်အား ၁၅၀ ဦးခန့်သည် သရက်ချောင်းမြိုနယ်၊ ပဲဒက်ကျေးရွာလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ဘုရားကုန်းနေရာအား ၄၀ မမဗုံးပစ်လောင်ချာ၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ပဲဒက်ကျေးရွာမှ ဒေါ်ဖြူဖြူရှိန် (၅၆)နှစ်နှင့် ဦးနောင်နောင်(၄၂)နှစ်တိုအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးအား မီးရှိဖျက်ဆီးသွားခဲ့သည်။
ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမားများမှ ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူများအား သရက်ချောင်းမြိုနယ်၊ ပေတခတ်ရွာဝန်းကျင်တစ်ဝိုက်သို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးအဖွဲမှ အဆိုပါကျေးရွာဝန်းကျင်အား နယ်မြေရှင်းလင်းခဲ့ရာ ရွာအဝင်နေရာ၌ PDF အကြမ်းဖက် အင်အား ၅၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ရွာ၏ အရှေ့ဘက်သို ဆုတ်ခွာသွားခဲ့သည်။
ဖြစ်စဉ်တွင် ၎င်းတို ဖမ်းဆီးချုပ်နှောင်ထားသည့် ဒေါ်ဖြူဖြူရှိန်နှင့် ဦးနောင်နောင်တို ၂ ဦးအား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး PDF အလောင်း ၇ လောင်း၊ M4-A1 သေနတ် (၂)လက်၊ M4 သေနတ် (၂)လက်နှင့် ကိုးလုံးကျည်ဖြင့်ပစ်ရသော လက်လုပ်သေနတ် (၂)လက်၊ ကျည်အိမ် (၂)ခုနှင့် ကျည်မျိုးစုံ (၆၃)တောင့်တိုအား သိမ်းဆည်းရမိခဲ့ကာ လုံခြုံရေးတပ်ဖွဲဝင်များ
ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Total Views ~ 204

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43031

© 2022 - 2025 News. All Rights Reserved.