Sayar Phyo IGCSE စင်တာမှ ဒုတိယအကြိမ်မြောက် ဘွဲနှင်းသဘင်နှင့် ဂုဏ်ပြုဆုပေးအပ်

၂၀၂၃ ၊ဒီဇင်ဘာ၂၇

နိုင်ငံတကာအရည်အသွေးမီ ပညာရေးများကို သင်ကြားပေးနေသည့် Sayar Phyo IGCSE စင်တာမှ ဒုတိယအကြိမ်မြောက် ဘွဲနှင်းသဘင်နှင့် ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ Zelax Hotel တွင် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

Sayar Phyo IGCSE Centre ရဲ့ Founder & Principal ဆရာဦးဖြိုးကိုကိုဝင်းက "ဒီနေ့က ဒုတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပတာ ဖြစ်ပါတယ်။

မနှစ်က ထူးချွန်ကျောင်းသားများစွာကို မွေးထုတ်ခဲ့ပြီးဖြစ်သလို Excellent Awards တွေရခဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေလည်း ရှိသလို ဒီနှစ်မှာလည်း Excellent Awards ရတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ပြီးတော့ Grade 9 - Grade 10ပြီးတဲ့သူတွေကိုလည်း Certificate ပေးတာလည်း ပါတယ်။ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ ဆုရရှိတဲ့ ကလေးတွေကိုလည်း ဆုချီးမြှင့်တဲ့ အစီအစဉ်တွေလည်း ပါပါတယ်"ဟု ပြောကြားခဲ့သည်။

ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Year 10 (Upper Secondary Education) Completion Award ၊ Year 9 (Lower Secondary Education) Completion Award ၊ Sport Award စသည်တို့ကိုဆုများ ချီးမြှင့်ပေးခဲ့ပြီး Sayar Phyo IGCSE Centre တွင်Yangon International University College (YIUC) ကို အသစ်ထပ်မံဖွင့်လှစ်လိုက် ကြောင်းသိရသည်။

Misters of Myanmar ရဲ့ CEO & Founder ကိုဇေယံဟိန်း က " Sayar Phyo IGCSE စင်တာရဲ့ CEO ညီလေး ဖြိုးကိုကိုဝင်းက ၂၀၁၁ခုနှစ် လောက်ကတည်းက ကျွန်တော့်ရဲ့ agency က မော်ဒယ်လည်းဖြစ်တယ်။

Sayar Phyo IGCSE စင်တာက နိုင်ငံတကာ သင်ရိုးတွေနဲ့ သင်ကြားပေးနေတဲ့ ကျောင်းဖြစ်လည်း ဖြစ်တယ်။ ဒီကျောင်းကနေ အောင်မြင်သွားတဲ့ ကျောင်းသားတွေအတွက်လည်း ဂုဏ်ယူပါတယ်" ဟု ပြောကြားခဲ့သည်။ IGCSE Centre သည်၂၀၁၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ခုနှစ်တွင် Pearson Edexcel Approved Center အနေဖြင့်ရရှိခဲ့ကာ IGCSE အတန်းတွေ Pre-IGCSE အတန်းများကို အဓိကထား သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

Total Views ~ 503

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43013

© 2022 - 2025 News. All Rights Reserved.