ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်းဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတရားသင်းအက်ဥပဒေ ဖြင့် အမှုဖွင့်ပြီး အကြမ်းဖျက်မှု ဥပဒေဖြင့် ထပ်မံတရားစွဲ

မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၉
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို နစက မှ ယမန်နေ့ (ဒီဇင်ဘာ ၂၈ ) က မတရားအသင်းအက်ဥပဒေ ၁၇ က ဖြင့် အမှုဖွင့်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ထပ်မံ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်သည် KIA ဗဟိုဌာနချုပ်လိုင်ဇာသို့သွားရောက်ခဲ့ပြီး KIO ဥက္ကဋ္ဌအင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဂွမ်မော်တို့ ပြုလုပ်သည့် အစည်းအဝေးတွင် တက်ရောက် ခဲ့သည့်အတွက် မြစ်ကြီးနားရဲစခန်းမှ (ပ) ၂၀၀/ ၂၀၂၂ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (က) ဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၂၈ )တွင် အမှုဖွင့်ထားပြီး အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေဖြင့်ပါ ထပ်မံတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43029

© 2022 - 2025 News. All Rights Reserved.