ကိုးရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၇၃) ဦး၊ CBT ကုန်ထုတ်လုပ်သား (၉) ဦး၊ Re-entry ကုန်ထုတ်လုပ်သား (၃၇) ဦး၊ စုစုပေါင်း (၁၁၀) ဦးသည် နိုဝင်ဘာလ ၂၄ရက်နေ့တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့သည်။