၂၀၂၂၊ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ကျွန်းလှမြိုနယ်ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန် ဒဏ်ရာဖြင့် အမျိုးသား ၁ ဦး ရောက်ရှိနေကြောင်းသတင်းအရ ပူးပေါင်းအဖွဲက သွားရောက်စစ်ဆေးခဲ့ရာ ဒဏ်ရာရရှိသူမှာ ဦးမင်းထိုက်(၃၅)နှစ် ပိတောက်မြိုင်ရပ်ကွက် ကျွန်းလှမြိုနယ်နေသူတွင် ဝဲခြေသလုံး/ ဝဲခြေကျင်းဝတ်/ဝဲညှိးသကြီး/ဝဲလက်ခလယ်မိုင်းစထိမှန်ဒဏ်ရာ ၄ ချက်(မစိုးရိမ်ရ)ဖြင့် တွေ့ရှိခဲ့ရသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ရက် ညနေပိုင်းတွင်ကန့်ဘလူမြိုနယ် ငှက်ပျောတိုင်းကျေးရွာ၌ နေထိုင်သော ယောက္ခမ ဖြစ်သူနေအိမ်သိုသွားရောက်စဉ် ဂါထာကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ ချောင်းအဆင်းနေရာအရောက်၌ အကြမ်းဖက်အုပ်စု PDF များထောင်ထားသော လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လက်လုပ်မိုင်းထောင်ထားသည့် အကြမ်းဖက်အုပ်စု PDF များအား ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။