ကျွန်းလှမြိုနယ်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲ မှုကြောင့် အပစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရ

၂၀၂၂၊ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြိုနယ်ပြည်သူ့ဆေးရုံသို မိုင်းစထိမှန် ဒဏ်ရာဖြင့် အမျိုးသား  ၁ ဦး ရောက်ရှိနေကြောင်း သတင်းအရ တာဝန်ရှိသူများ  သွားရောက်စစ်ဆေးရာ ဦးတင်ထွန်း(ခ)ဦးငမျှား(၄၈)နှစ်  ပိတောက်မြိုင်ရပ်ကွက် ကျွန်းလှမြိုနေသူတွင်  ယာလက်ဖျံ၊ ဝဲခြေသလုံး၊ ဝဲပေါင်၊ ယာပေါင်၊ ဝဲခြေဖဝါး၊ ယာခြေသလုံးတိုတွင် မိုင်းစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိထားသည်ကို တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်အား စိစစ်ရာ ဒီဇင်ဘာ ၁၇ရက် နံနက်ပိုင်းတွင် ဦးတင်ထွန်း(ခ) ဦးငမျှားသည် ဇနီးဖြစ်သူ ဒေါ်ခိုင်ခိုင်မိုးနှင့်အတူ နေအိမ်မှ ကြာတကန်ကျေးရွာ ဘက်သို ပျားဖွပ်ရန် ထွက်ခွာခဲ့ရာ  ကြာတကန်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာ အင်ဘုတ်ချောင်းဘေးရှိ ဝါးရုံတောအရောက်၌ အကြမ်းဖက်အုပ်စု PDF အဖွဲ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ဦးတင်ထွန်း(ခ)ဦးငမျှားတွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 201

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43021

© 2022 - 2025 News. All Rights Reserved.