အင်အား ၅ဒသမ၂အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့သော်လည်း ပုဂံဘုရားများထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ရှေးဟောင်းယဥ်ကျေးမှုသုတေသနပုဂံဌာနခွဲမှသိရသည်။
ယနေ့နံနက် ၃ နာရီ ၁၆ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ကြောင်းမိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။