ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံ၊ပုဂ္ဂလိကအထူးကုဆေးရုံများတွင် လိုင်စင်ရရှိသူ၊ တာဝန်ခံပုဂ္ဂိုလ်နှင့် ပြုစုကုသမှုပေးအပ်နေသော ဆရာဝန်များ၊သူနာပြု များ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များသည် ပုဂ္ဂလိကကျန်း မာရေးလုပ်ငန်းဆိုင်ရာဥပဒေနှင့် နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ကြောင်း နစက၏
သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိဆေးရုံ(၄)ရုံ ယာယီပိတ်ခိုင်းထားကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရှိရသဖြင့် မှန်ကန်မှုရှိ/မရှိ အရေးယူစစ် ဆေးမှု ရှိ/မရှိ သိရှိလိုကြောင်း သတင်းဌာနတစ်ခု
၏ မေးခွန်းအပေါ် ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသည်လည်း ပြည်သူလူထု၏ကျန်းမာရေး လိုအပ်ချက်များကို သင့်တင့်မျှတသောစရိတ်ရယူ၍ တည်ဆဲဥပဒေများကိုလိုက်နာလျက် ဘေးကင်းလုံခြုံ စိတ်ချရသော ဆေးဝါးကုသမှုများအား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း အသိပေးထားပြီးကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးမြို့ပေါ်ရှိ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများနှင့် အထူးကုပြည်သူ့ဆေး ရုံကြီးများတွင် ပိတ်ရက်မရှိ (၂၄)နာရီလူနာကုသမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့သည်။