ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်ရက်တည်း မြို့နယ်ပါတီရုံးနှစ်ရုံး ဖွင့်လှစ်

ရန်ကုန်၊ မတ်လ ၂၆
    ရန်ကုန်တိုင်း‌ဒေသကြီးအခြေစိုက် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) က မတ် ၂၂ ရက်တွင် မြို့နယ်ပါတီ ရုံးနှစ်ရုံး ဖွင့်လှစ်ခဲ့သည်။
    ယင်းနေ့ နံနက်ပိုင်းတွင် ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (UADP) ပါတီ၏ စမ်းချောင်းမြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်းနှင့် ပါတီဝင်အဆိုပြုလွှာများ ပေးအပ်ပွဲ အခမ်းအနားကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲပိုင်းတွင် အင်းစိန်မြို့နယ် ပါတီရုံးဖွင့်ပွဲအခမ်းအနားနှင့် ပါတီဝင် အဆိုပြုလွှာများ ပေးအပ်ပွဲကိုလည်း အသီးသီး ပြုလုပ်ခဲ့ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာခင် မောင်ဦးက ပြောသည်။
    ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးပါတီသည် လက်ရှိတွင် သာကေတမြို့ နယ်တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး ပါတီမြို့နယ်ရုံးများအဖြစ် ဆိပ်ကြီးခနောင်တို၊ လှည်းကူး၊ စမ်းချောင်းနှင့် အင်းစိန်မြို့နယ်တွင် ရုံးခန်းများ ဖွင့်လှစ်ထားသည်။ ထို့အပြင် ဒလ၊ တွံ‌တေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ တိုက်ကြီးနှင့် သာကေတမြို့နယ်များတွင်လည်း မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ရန် လျာထားကြောင်း ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဦးက ပြောကြားထားသည်။ ညီသစ်

Total Views ~ 140

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

42837

© 2022 - 2025 News. All Rights Reserved.