ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အဖွဲ့ဝင်များလိုက်ပါ၍ လယ်ကိုင်းကျေးရွာသို့ရောက်ရှိကြပြီး ရွှေပြည်အေးဘုရား နှင့် ဓမ္မာရုံ ပြန်လည်ပြုပြင်မွမ်းမံထားရှိမှုအခြေအနေများအား ကြည့်ရှု၍ ကျေးရွာရပ်မိ ရပ်ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဒေသစီးပွားရေးအခြေအနေများနှင့် ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအား မေးမြန်းဆွေးနွေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကျပ်သိန်း ၅၀ ကိုပေးအပ်ရာ ရပ်မိရပ်ဖ ဦးစိန်ထွန်းအောင်နှင့် ရပ်မိရပ်ဖ များက လက်ခံရယူကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲ စေတီတော်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သိန်းနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကြည်ညိုကာ ပန်းရေချမ်း ကပ်လှူပူဇော်ကာ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေ များ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော်ပုရိဝုဏ်အတွင်းရှိ ရတနာသုခ ဓမ္မာရုံအတွင်း၌ မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများအား တွေ့ဆုံသည်။ ဦးစွာ ရပ်မိရပ်ဖများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဒေသ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သည့် ရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လို ကြောင်း၊ ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်ပြီး စကု၌ မွေးမြူရေးသိပ္ပံတစ်ခု ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတ မှု၊ ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်စေ နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်ဈေးနှုန်း ကြီးမြင့် မှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊ အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက် ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပ သွင်းကုန်များ လျှော့ချနိုင်ရန်လိုအပ်ကြောင်း၊ စက်သုံးဆီများကိုလည်း ချွေတာ သုံးစွဲ ခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်ကာ ပြည်တွင်း၌ ငွေကြေး လည်ပတ်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊ အလားတူ စားသုံးဆီများ သုံးစွဲရာ တွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုပုံစံဖြင့် စားသုံးရန်လို ကြောင်း၊ အစိုးရမှ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များကို အဆင့်ဆင့် ဖွင့်လှစ် ပေးထားပြီးဖြစ်သဖြင့် ကျောင်းသားကျောင်းသူများ ပညာရည်မြင့်မားရေး အတွက် အားလုံးက ဝိုင်းဝန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသတွင်း သက်ဆိုင်ရာ ပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ထို့အပြင် ဒေသတွင်း သန့်ရှင်းသာယာလှပရေးအတွက်လည်း ဒေသခံပြည်သူ လူထုနှင့် ဒေသတွင် လာရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများက ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသ သာယာလှပပြီး ဒေသမှ ထွက်ရှိသည့် ဒေသ ထုတ်ကုန်များ နာမည်ရလာပါက ဒေသသို့ လာရောက်လည်ပတ်သူများ များပြားလာ မည်ဖြစ်ပြီး ဒေသတွင်း ငွေကြေး လည်ပတ်မှုအားကောင်းကာ စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေ ကျပ်သိန်း ၁၀၀ နှင့် မင်းဘူး ဘိုးဘွားရိပ်သာ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ တို့အား ပေးအပ်ရာ ရပ်မိရပ်ဖ များက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို ခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည့် အဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ရှိ မကွေးမြို့ ကျက်သရေ ဆောင် မကွေးမြသလွန်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပက အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မြသလွန်စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး ပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည့် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ် လှူဒါန်းရာ ဂေါပက အဖွဲ့က လက်ခံရယူခဲ့ကြသည်
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ ကမ်းနားလမ်းရောက်ရှိကြပြီး ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်သော လူအများအပန်းဖြေနေရာ Public Area ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။