နေပြည်တော် ၊ ဒီဇင်ဘာ - ၂၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး H.E. Mr. DengXijun အားယနေ့(ဒီဇင်ဘာ ၂၉) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်း လဲမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ငြိမ်း ချမ်းရေးတွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင် ရွက်ပေးလျက်ရှိမှု၊ နိုင်ငံတကာမျက်နှာစာတွင် တရုတ်နိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု၊တရုတ်နိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင်ဆက်လက်ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တရုတ် နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လျက်ရှိမှုနှင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံ အမတ်ကြီးတို့ သည် အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အ လှန်ပေးအပ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအ မတ်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင် ရာတရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။