ပဲခူးမြစ်ကူးသန်လျင်အမှတ်-၃ တံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း နီးပါးပြီးစီးနေ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂
ပဲခူးမြစ်ကူး(သန်လျင်အမှတ်-၃) တံတား တည်ဆောက်ရေးစီမံကိန်းမှာ လက်ရှိတွင် ၆၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်ကူး(သန်လျင်အမှတ်-၃) တံတား တည်ဆောက်ရေးစီမံကိန်းသည် ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် လက်ရှိအသုံးပြုနေသည့် ရန်ကုန်-သန်လျင်အမှတ်(၁) တံတားအနီးတွင် တည်ဆောက်နေခြင်း ဖြစ်သည်။
ယင်းတံတားစီမံကိန်းကို ဂျပန်နည်းပညာနှင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများ၊ဂျပန်နိုင်ငံက ဆောက်လုပ်ရေး ပညာရှင်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦး စီးဌာနက အင်ဂျင်နီယာပညာရှင်များက တည်ဆောက် ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
ပဲခူးမြစ်ကူး(သန်လျင်အမှတ်-၃)တံတားဟာ အရှည်မီတာ ၃၅၀၀ ရှိပြီး အပိုင်း ၃ ပိုင်းခွဲ တည်ဆောက်နေခြင်း ဖြစ်ကာ တံတားအမျိုးအစားမှာ သံကူကွန်ကရစ်၊ သံမဏိကြိုးဆိုင်းတံတား၊ သံမဏိရက်မ ဖြစ်ပြီး တံတားစီမံကိန်းတစ်ခုလုံး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင်ပြီးစီးရန် လျာထားခြင်းဖြစ်သည်။

Total Views ~ 231

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43007

© 2022 - 2025 News. All Rights Reserved.